Blog Archive

Sunday, October 6, 2013

ဆင်းရဲခြင်းအကြောင်းတရား...

ငါတို့လူမျိုးတွေဘာ့ကြောင့်၊ဘယ်လိုကြောင့်၊ဘာဖြစ်လို့ဆင်းရဲမွဲတေရသလဲအောက်ပါအချက်တွေ
ကခင်ဗျားနဲကျွန်ုပ်ကိုထောက်ပြနေသလား၊သတိပေးနေသလားဒါမှမဟုတ်တကယ်ပဲရှိနေတာလားမိ
မိကိုယ်ကိုမေးကြည့်ဖို့လိုသလို ဆန့်စစ်ဖို့လည်းလိုမယ်ထင်ပါတယ်။၁)၊မိမိယုံကြည်ကိုးကွယ်နေတဲ့ဘုရားကိုဘယ်လောက်ထိချစ်သလဲ။ဘယ်လိုသက်သေထူမလဲ။၂)ဘုန်းတော်ကြီးတွေ၊စာချပုဂ္ဂိုလ်တွေ၊သင်းအုပ်ဆရာတွေကိုဘုရားထက်ကိုးစားမိနေသလား။၃) အချိန်တန်ဖိုး မသိခြင်း။၎)ကိုယ့်ထက်သာလျှင် မနာလိုခြင်း။၅)စာပေ ဗဟုသုတ မရှိသောကြောင့်။၅)ခေါင်းဆောင်စိတ် မရှိသောကြောင့်၊၆)မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်း။ဆင်းရဲခြင်းအစအမြင်မရှိခြင်း၊အပျော်ကျူးခြင်းကစ...ဆိုသလို..နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း ၊လောင်းကစားလုပ်ခြင်း ၊သေရည်သေရက်
သောက်ခြင်း တို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ဥပမာ...အိမ်ထောင်တခုပြုကြတော့မဲ့လူ
ငယ်နှစ်ယောက်...ရိုးရာဆိုးကိုမပစ်သေးတဲ့လူတစ်စုကယေက်ျားလေးဘက်ကဘာဘာ...ဓားဘယ်
နှစ်စင်း၊လှံဘယ်နှစ်ချောင်း၊နွားဘယ်နှစ်ကောင်၊ရွေ၊ငွေဘယ်ရွေ့ဘယ်မျှစသဖြင့်တောင်းနေသေးတာကြားရတယ်၊သိရတယ်၊မြင်နေရတယ်။အထက်ပါ
ပစ္စည်းမရှိသူအဖို့ဘယ်လိုလုပ်မှာတုန်း၊ခိုးပြေးမလား၊မယူဖြစ်ဖို့ကများမယ်ဒီနေ့လိုအချိန်ခါမှာဆို
ရင်ပေါ။မေးချင်တာကဒီပြင်လူမျိုးတမျိုးမျိုးကိုယူမယ်၊ဒါမှမဟုတ်လက်ဆက်ထိမ်းမြားကြတယ်ဆိုပါစို့...အဲဒီတုန်းကသူတို့ကိုငါတို့ရိုးရာအစဉ်လာအရ
တောင်းဖူးသလား၊သူတို့ဘက်ကကောပေးဖူးသလား၊တောင်းတာကောတွေ့ဖူးသလား၊မကောင်းဘူးထင်ရင်...လက်မခံသင့်တော့တဲ့အမွေးဆိုးလို့ယူဆရင်ကိုယ့်လူမျိုးကိုပဲဖြစ်ဖြစ်၊တခြား
လူမျိုးကိုပဲဖြစ်ဖြစ်မိဘလုပ်သူများအနေနဲမတောင်းပါနဲသူတို့နားလည်တတ်ရင်ကူညီမှာပါ။ကြည့်ကြလိမ့်မယ်လို့လည်းယုံပါတယ်။ကိုယ်လူမျိုးကိုပဲတောင်းရဲတယ်ဆိုရင်ရိုးရာလို့မခေါ်ဘူး၊ရိုင်းရာပဲခေါ်ရလိမ့်မယ်။အိမ်ကျယ်ပဲလုပ်တတ်တယ်။သူများနဲဆိုကြောက်သလားလို့။လူမျိုးခြားနဲ
အမှုရင်ဆိုင်ရမယ်၊အပေးအယူလုပ်တာပဲဖြစ်ဖြစ်၊တခုခုဆိုဆရာပြေးခေါ်တာကအရင်၊လူငယ်တွေ
ကိုပြောမယ်ကိုယ်ကိုလာပြီးဖြဲခြောက်တာပဲဖြစ်ဖြစ်၊ခြိမ်းခြောက်တာပဲဖြစ်ဖြစ်၊ရဲ၊စစ်တပ်ဆိုကိုယ်ပိုင်
နံပတ်တောင်းပါ။မမေးရဲရင်လုံးဝမကြောက်ဘူးဆိုတဲ့စိတ်မွေးထား၊တခုတောရှိတယ်မိမိရွာ၊အမိရွာ
မှာလူကျယ်မလုပ်နဲ၊မသောင်းကျန်းကြနဲ၊မိမိရွာမိဘကိုစိတ်ညစ်အောင်မလုပ်ကြပါနဲ့။မိုက်ချင်ရင်
နိင်ငံသိအောင်မိုက်ကြ၊ဒါမှငါအသိမှတ်ပြုမယ်။