Blog Archive

Monday, July 7, 2014

မှားယွင်းသောခေါင်းဆောင်မှုနှင့်လက်ရှိအခြေနေ


ခေါင်းဆောင်မှုဆိုတာလူပုဂ္ဂိုလ်ကိုရည်ညွန်းနေခြင်းမဟုတ်ဘူးဆိုတာသိစေလိုသည်။ခေါင်းဆောင်မှုဆိုတာ မူဝါဒတွေ၊လမ်းစဉ်တွေဖြစ်တယ်။ကောင်းတဲ့လမ်းစဉ်ချမှတ်ထားရင်တော့ နောက်လိုက်တွေလည်း မပင်ပန်းပဲလိုရာကိုသွားနိုင်မယ်လို့ကျွန်တော်မြင်မိတယ်။အခုဟာက ငါတို့ဟာဘာလူမျိုးဖြစ်နေတယ်ဆိုတာကိုတောင်သိသိပပ ခေါ်ဆိုမရနိုင်လောက်အောင် ခေါင်းဆောင်မှုအလွဲတွေကချပြသွားတယ်။သိပ်အမြော်မြင်ကြီးခဲ့ကြသလား၊မကြီးခဲ့ဘူးလားဆိုတာ ကနေ့ဒီမိုကရေစီအကူးကာလမှာတော့ထင်ထင်ရှားရှားကြီးပေါ်ပေါက်လာပါပြီ။ကျွန်တော်တို့လူ့အဖွဲ့စည်းဟာဆိုရင်ဖြင့် အသင်းအဖွဲ့နဲ့နေထိုင်းတာသိပ်နည်းတယ်။အလေ့အထလည်းမရှိဘူး။ကျေးရွာနေလူ့အဖွဲ့အစည်း တနည်းအားဖြင့် ကိုယ့်အမျိုးသူ့အမျိုးခွဲခြားထားသည့်အပြင် သီးခြားနေတတ်တဲ့ဓလေ့ရှိသူတွေနဲ့ဖွဲ့စည်းထားတဲ့လူ့အသိုင်းအ၀ိုင်းလေးလို့ဆိုချင်ပါတယ်။ဦးဆောင်သူ မူဝါဒကောင်းတွေ မယ်မယ်ရရမရှိကြတဲ့အတွက် ကိုယ်ထင်ရစိုင်းကြရတဲ့ဘ၀ဆိုတော့ဘယ်သူမှ ခေါင်းဆောင်မရှိဘူးဆိုတာ ကျွန်တော်တို့၏လူထုကြားမှာ အမြစ်သွယ်နေသလားပေါ့။ရှင်းရှင်းပြောရရင်ကျွန်တော်ကိုယ်၌ဘယ်အမည်နာမည်ကိုလက်ခံဖို့လိုသလဲဆိုတာအဖြေမှန်ရှာနေရတဲ့ကိန်းကိုရောက်နေပါပြီ။အွန်းလိုင်းပေါ်မှာကျွန်တော်တို့လူငယ်တွေ ထင်ရာမြင်ရာဟိုဆွဲဒီဆွဲ အနိုင်ယူလိုတဲ့စိတ်တစ်ခုနဲ့တိုက်ကြခိုက်တဲ့စကားတွေ တွေ့မြင်နေရတော့ ရှက်လည်းရှက်မိပါတယ်။လူမျိုးခြားတွေဖတ်မိရင်တော့သိပ်ဟားစရာဖြစ်နေမှာအမှန်ပါပဲ။လူမျိုးတစ်မျိုးနာမည်သတ်သတ်မှတ်မှတ်နဲ့သွားမဲ့ဖြစ်စဉ်ကြီးမှာ သိပ်စောတဲ့ဆန္ဒတွေ၊မာနအတုတွေ စကားစစ်ထိုးကြလိုက်ပုံများကတော့ မတွေးရက်စရာပါပဲ။ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသွားတဲ့အခါ တဆင့်ချင်းသွားရတယ်။အခုပြသာနာက ကနေ့ထလုပ်ရင်ပြီးတဲ့အရာမဟုတ်ဘူး။ဆယ်စုနှစ်ပေါင်းများစွာ မတင်မကျလုပ်လာခဲ့ကြပြီးအခုမှ နိုင်ငံတော်က တိုင်းရင်းနေဖွားတွေကို အလေးဂရုပြုလာတဲ့အခါကျတော့ ကျွန်တော်တို့ဘက်ကလည်းအသိဥာဏ်ရှိရှိ လိမ်မာပါးနပ်စွာကိုင်တွယ်နိုင်ရမယ်။ နာစရာ၊ခံစရာရှိက ကိုယ်တွေပဲခံရမယ်ဆိုတာ ကြိုမြင်ထားပါ။ကျွန်တော်တစ်ခုပဲမေးမယ် ဘာဖြစ်ချင်ကြတာလဲ ပွင့်ပွင့်လင်းလင်းပြောကြ။နိုင်ငံတော်ကဘယ်လိုသတ်မှတ်ထားသလဲအရင်သိအောင်လုပ်။ကိုယ့်လက်ထဲ့မှာရှိနေတဲ့သမိုင်းအထောက်အထားတွေအရ ကျွန်တော်တို့တွေဘယ်နာမည်ကိုသတ်မှတ်ပြဌာန်းရင်အကောင်းဆုံးဖြစ်မလဲ ၀ိုင်းအဖြေရှာပေါ့။ဘာ့ကြောင့်အဲဒီနာမည်ကိုယူရသလဲဆိုတာလည်းအများပြည်သူသိနိုင်အောင်ဖော်ပြနိုင်ရမယ်။ရာခိုင်နှုန်းဘယ်လောက်ထိလက်ခံသလဲ အတိုက်အခံတွေကဘာကိုလိုလားသလဲ ။သေချာရေရာပြီးဆိုမှ နိုင်ငံတော်ကိုချပြပါ။ခင်ဗျားသိတဲ့အသိလေး မစို့မပို့ကလေးကို နိုင်ငံတော်ကလက်ခံချင်မှလက်ခံမယ် ကျွန်တော်တို့လူမျိုးစုတခုလုံးဆွေးနွေးအဖြေရှာလာတဲ့ရလဒ်၊ငါ့တို့လူထုအများစုက ဟုတ်ပါတယ် ထောက်ခံပါတယ် ဆိုတဲ့officially paper ကြီးကို ချပြနိုင်မှ တရားဝင် လူမျိုးစုအမည်စာရင်းသွင်းခံကြရမှာဖြစ်တယ်။ဆိုတော့ နံပတ်(၁)လုပ်ရမှာက လူထူဆန္ဒအရင်ယူပါ။(၂)မတူညီတဲ့အမြင်တွေကိုယ်စီရှိနေကြတဲ့နှစ်ဘက်အဖွဲ့စည်းတွေစားပွဲတင်ဆွေးနွေးပါ ၊ရလဒ်တစ်ခုဖြစ်ပေါ်လာတဲ့အထိရှာကြပါ၊လူထုကိုပြန်အစီရင်ခံပါ။(၃) အပြီးသတ်အချောကို နိုင်ငံတော်ဆီ အစီရင်ခံပါ။အားလုံးကို တစ်ခုမှာချင်တယ် အွန်လိုင်းပေါ်မှာ မသေချာ မသိကျတဲ့ သမိုင်းတွေမရေးမိစေနဲ့။
-Ahmg-
5-Jul-14
 

ဒီမိုကရေစီကသင်ပေးတဲ့လွတ်လပ်ခြင်းအနုပညာ


လွတ်လပ်ခြင်းဆိုတာ သူတပါးကိုထိခိုက်သွားဖို့မဆိုထားပါဘူး။ဒီမိုကရေစီလို့ခေါ်တဲ့လူထုအခြေပြု၊လူထုကဦးဆောင်တဲ့ခေတ်ကိုတစတစ ချည်းနင်းဝင်ရောက်လို့လာပါပြီ။ကျွန်တော်တို့လူမျိုးနွယ်စုလည်းအလားတူ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ဃဂနဏမသိပေမဲ့ ၄င်းရဲ့ရေစီးကြောင်းအတိုင်းလိုက်ပါလာရတယ်ဆိုတာတော့ ငြင်းကြမယ်မထင်ပါဘူး။စစ်အာဏာရှင်ခေတ်တုန်းက ဗဟိုကနေ ရပ်ရွာအုပ်ချူပ်ရေးအဆုံးမိဘပြည်သူက ခန့်ထားပိုင်ခွင့်မရှိခဲ့ဘူး။ကနေ့အချိန်မှာတော့လုံးလုံးလျားလျားအစစ် မဟုတ်သေးပေမဲ့ ပြည်သူ့အခြေပြုစနစ်လေးတွေတွေ့လာရပါပြီ၊ဒီမိုကရေစီ အနံ့အရသာတွေပါ။ကျွန်တော်တို့လူမျိုးစုအပေါ်ကျွန်တော့်သတိပြုမိတာလေးတွေကို ဆက်စပ်ပြီးမှပြောချင်တယ်။ကျွန်တော်တို့လူငယ်တွေအများစုက ဒီမိုကရေစီရဲ့သဘောသဘာဝကိုသိပ်မသိကြဘူး။ဥပမာတစ်ခုပေးချင်တယ် Youtube မှာဒီမိုကရေစီသဘောတွေ့ရမယ် create လုပ်တဲ့ပုဂ္ဂိုလ်က ဒီမိုကရေစီကိုသိပ်သဘောပေါက်ထားပုံရပါတယ်။သူလုပ်ထားတာတွေက like..dislike နှစ်ခုကိုချပြထားတယ်။ကျွန်တော်သတိထားကြည့်ပါတယ်။ဘာသာရေးနဲ့ဆိုင်တဲ့တရားဓမ္မပဲဖြစ်ဖြစ်၊ခေတ်သီချင်းပဲဖြစ်ဖြစ်၊စာပေဟောပြောပွဲပဲဖြစ်ဖြစ်ပါ...ပြောရရင်အများကြီးပါ..အဲ့ဒီမှာကြည့်ရှုခံစားသူပရိတ်သတ်တွေဟာ ကြိုက်သူနဲ့မကြိုက်သူ အနည်းနဲ့အများတွေ့ရမှာပါ။သဘောက မင်းဘယ်လောက်ပဲကြိုက်ကြိုက် ငါတော့ဖြင့်မကြိုက်နိုင်ဘူးဆိုတဲ့ မတူညီမှုကိုပြလိုက်တာပါ။ဘာကြောင့်မကြိုက်သလဲဆိုတာ comment မှတ်ချက်ပေးနိုင်အောင် ဖန်တီသူက လုပ်ထားပေးတယ်။ မှတ်ချက်မပေးပဲ dislikeနဲ့တင်ထားလိုက်ရင်လည်းရပါတယ်။အဲဒါဒီမိုကရေစီရဲ့သဘောလို့ယူဆလို့ရပါတယ်။likeတစ်ခုပဲပေးထားရင် သူသိပ်အာဏာရှင်သိပ်ဆန်သွားနိုင်သလို အတ္တသိပ်ကြီးသူလို့ယူဆနိင်ပြီ ဒီမိုကရေစီနိုင်ငံသားလည်းမပိသာဘူးဖြစ်သွားနိုင်မယ်လို့ကျွန်တော်ယူဆမိပါတယ်။မြန်မာနိုင်ငံသားသာဆိုရင် လိုက်တစ်ခုပဲပေးထားကောင်းပေထားနိုင်တယ်။ဘာလို့ဒီလိုပြောရသလဲဆိုရင်မတူကွဲပြားမှုကိုလက်မခံ နိုင်လို့ပဲ။အကြောင်းကတော့ စာပေမဖတ်တဲ့ပတ်ဝန်းကျင်၊ကျောင်းသားအများစု နေထိုင်တဲ့တိုင်းပြည်ဖြစ်လို့ပဲ။လက်ရှိမြန်မာစာရေးဆရာတစ်ဦးရေးသားတဲ့ရသစာပေပဲဖြစ်ဖြစ်၊သုတစာပေပဲဖြစ်ဖြစ်...တခြားသောစာပေပဲဖြစ်ဖြစ် သူတို့အများဆုံးသောင်းချီပုံမနိပ်ရဲရှာဘူး။ထောင်ဂဏာန်းလောက်နဲ့ပဲ ပ၊ဒု၊တ အကြိမ်ကြိမ်ထုတ်ယူနေရတယ်။သဘောက မြန်မာပြည်မှာလူဦးရေ သန်းပေါင်း၇၀ ဆယ်ရှိနေပေမဲ့ စာပေဖတ်သူရာခိုင်နှုန်းကထောင်ဂဏာန်းလောက်ပဲရှိတယ်ဆိုတဲ့သဘောပါ။မိမိလက်ချောင်းလေးတွေတောင်မတူဘူး၊မညီဘူးဆိုတာကိုလက်မခံနိုင်ရင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတည်ဆောက်လို့မရဘူးဆိုတာသိထားပါ။ကိုးကွယ်ယုံကြည်မှုဆိုတာ သိထားရမှာက ကိုယ်နဲတော်တဲ့ဖိနပ်တရံကို ကိုယ်လိုနံပတ်တူတွေကလွဲရင် မတူတဲ့မတော်တဲ့သူတွေကို အတင်းတော်ခိုင်းလို့မရဘူးလေ။ဒါဒီမိုကရေစီမဟုတ်ဘူး။ကျွန်တော်တို့လူငယ်တွေကိုမှာချင်တယ် နှလုံးရည်ကောင်းအောင်လေ့ကျင့်ထားကြပါ။အနာဂတ်ခင်ဗျားနှင့်ကျွန်တော်တိုက်ကြရမဲ့တိုက်ပွဲတွေဟာ တုတ်၊ဓား၊လှံ၊သေနပ် ထက်သာတဲ့၊စွမ်းတဲ့ သံသမန်ရေးဖြစ်တယ်။စိတ်ဓာတ်မာရမယ်၊ပညာရေချိန်မြင့်မှရမယ်။ကျွန်တော်တို့လူငယ်တွေဟာမတူညီမှုကို ဦးစွာလက်ခံနိုင်ရမယ်။ပြီးမှ မိမိလူမျိုးမှသည် သူတပါးအမျိုးကိုပါ အကျိုးပြုနိုင်မှာဖြစ်တယ်။ဒီမိုကရေစီနိုင်ငံသားလည်းပိသမှာဖြစ်သည်။မတူညီမှုက ခင်ဗျားအတွက် ခလုတ်ကသင်းဖြစ်နေတယ်ဆိုရင် အမှတ်ရလိုက်ပါ ငါစစ်အာဏာရှင်တသွေးတသံ တစ်မိန့်နဲ့ပဲတန်ပါတယ်လို့ပေါ့။ဒီမိုကရေစီနဲ့လုံးဝမသင့်လျော်ဘူးဆိုတာပါပဲ။နောက်ဆုံးဆိုရရင် ဒီမိုကရေစီဆိုတာ မတူညီမှုတွေနဲ့ပေါင်းထားတဲ့လူ့အဖွဲ့စည်းဖြစ်တယ်။အဲဒီမတူကွဲပြားမှုတွေက ရန်သူများမဖြစ်ကြသလို ၊ပြိုင်ဘက်ကိုရန်သူလိုသဘောမထားပဲ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုက်ရေးအတွက်ဦးတည် အားပြိုင်ကြခြင်းသည်သာ ဒီမိုကရေစီအနစ်ဖြစ်သည်။
-Ahmg-
07-Jul-14

ခေါင်းဆောင်ကောင်းတို့မည်သည်မှာ


ကျွန်တော်သိသလောက်ပြောရရင် ခေါင်းဆောင်လုပ်မည်သူမှာအောက်ပါအရည်အချင်းတွေ၊အရည်အသွေးတွေရှိထားဖို့လိုတယ်။မိဘမောင်နှမချင်းကိုတောင်မချစ်နိုင်ဘူး၊အလေးအနက်မထားသူတစ်ယောက် ရပ်ရေးမှအစ လူမျိုးတစ်မျိုးကိုဦးဆောင်မယ်လို့ကတိပြုတယ်ဆိုရင် သူလိမ်တယ်လို့မှတ်ယူတယ်။ဘယ်လိုမှမဖြစ်နိင်ပါဘူး။မိမိကိုးကွယ်ဆည်းကပ်တဲ့ဘာသာသာသနာကိုမှရိုသေကိုင်းရှိုင်းမှု၊အလေးအမြတ်ပြုမှုမရှိတဲ့သူတစ်ယောက်နိုင်ငံနှင့်လူမျိုးအပေါ်ဘယ်လို့မှသစ္စမရှိနိုင်ဘူး။တာဝန်ယူလိုစိတ်မပြင်းပြတဲ့သူတစ်ယောက်မှာတာဝန်ခံနိုင်မှုလည်းမရှိနိုင်ဘူး။အခုတမျိုးတော်ကြာတမျိုး ဆုံးဖြတ်ချက်ပြောင်းလွယ်တဲ့သူတစ်ယောက် ခေါင်းဆောင်တက်ဖြစ်နေမယ်ဆိုရင် နောက်လိုက်တွေ ဧကန်အမှန် ဒုက္ခရောက်ရပါလိမ့်မည်။လူမျိုးတစ်မျိုးတိုးတက်ပြောင်းလဲစေချင်ရင် မိမိကိုယ်၌က ခေါင်းဆောင်ကောင်းကိုလိုလားသူဖြစ်ရမယ်။စာပေကိုမျက်ကွယ်ပြု၊အလေးအနက်မထားတဲ့သူတစ်ယောက် ဦးဆောင်သူဖြစ်နေရင်တော့ ဟောဒီလူ့အဖွဲ့အစည်းက မျက်ကန်းနောက်လိုက်ရသည့်အလား ဖြစ်ရလေဦးမည်။မိသားစုစားဝတ်နေရေးကိုတောင် ဘယ်လိုဖြည့်ဆည်းပေးရမှန်းမသိသလို သားမယားအပေါ်တာဝန်မကျေပွန်တဲ့သူတစ်ယောက် ငါကိုယ်ကျိုးစွန့်ပြီးမိမိလူမျိုးအတွက်လုပ်ပါမည်လို့ကတိပြုတယ်ဆိုရင် သူရုးသွားပြီးလားလို့ ကျွန်တော်ကပြောမှာပါ။ဘာသာရေးအစွန့်ရောက်တဲ့သူတစ်ယောကက် မတူညီတဲ့လူအသိုက်အ၀ိုင်းကို ဦးဆောင်လို့မရနိုင်ဘူးဆိုတာ သိထားရမယ်။ခေါင်းဆောင်တို့မည်သည်အဖြူလည်းဖြစ်နိုင်တယ်၊အမည်းလည်းဖြစ်နိုင်တယ်၊အခြေခံကျတာက အထက်ပါအရည်အသွေးတွေသူမှာရှိနေဖို့လိုပါလိမ့်မည်။ဦးဆောင်သူမှာ သူ့ရုံးအဖွဲ့ခိုင်ခိုင်မာမာရှိထားရမယ်။သူတဦးတယောက်တည်းအကုန်ထမ်းထားလို့မရပါဘူး။ဘာတွေလိုလည်းဆိုတာမရှင်းပြတော့ဘူး ရှည်နေမယ်။သူ့မှာ plan၊ တွေ၊project တွေ၊program တွေ ရေတိုရေရှည်ရှိထားရမယ်။ အများအတွက်လုပ်သူတစ်ယောက်နည်းနည်းပါးပါးစားမှာပဲ ကျွန်တော်နားလည်ပေးနိုင်တယ်။၁၀၀ ရရင် ၂၅ ရာခိုင်နှုန်းစားပါ ဒါသူ့စွမ်းဆောင်မှု၊သူ့လုပ်နိုင်ဖို့စားတယ်လို့ကျွန်တော်မှတ်ယူတယ်။၁၀၀ ရတယ် ၅၀ရာခိုင်းနှုန်းစားထားတယ်ဆိုရင် ဒါခေါင်းဆောင်မဟုတ်တော့ဘူး။အချုပ်ဆိုရရင် အများချစ်တဲ့ တင်မြှောက်ထားတဲ့ ခေါင်းဆောင်ဖြစ်ပစေ၊ကိုယ်ကြိုးစားတက်ယူတဲ့ခေါင်းဆောင်မဖြစ်ဖို့လိုတယ်။
-Ahmg- 
၇-ဇူလိုင်-၁၄