Friday, November 8, 2013
ကျွန်တော်နဲအမှတ်တရဖြစ်ရပ်လေးများ
ကျွန်တော် ၂၀၀၈ မှာပထမအကြိမ်နှစ်ခြင်းခရစ်ယာန်ဓ မ္မသဘင်ပွဲလည်းဖြစ်၊အိမ်ကိုလည်းသ တိရတဲ့အတွက်ပြန်ဖြစ်ပါတယ်။ဒါပေမဲ့အမေ့ကိုတွေ့မှာမဟုတ်တော့တဲ့အတွက်စိတ်လုံးဝမကောင်းဖြစ်ခဲ့ရတယ် ။ရွာမှာမနေဖြစ်ဘဲ့လျှောက်လည်ရင်း ပီချောင်းဘက်ရောက်သွားတယ်။စိတ်ကွဲချောင်းလို့ခေါ်တဲ့ရွာလေးမှာညီ ကိုတော်သင်းအုပ်ဆရာရှိတော့အဲဒီရွာလေးမှာဆယ်ရက်လောက်တည်ခိုးတယ်။ သူငယ်ချင်းတွေလည်းရတယ်။တကယ်ပျော်ခဲ့ရတယ်။ဖြစ်ချင်တောတပေါက်ကံရွာကသင်းအုပ်ဆရာနဲရင်းနှီးတော့သူက သူ့ရွာကိုလည်းလာလည်ရင်းသူ့အသင်း တော်ကိုလည်းရောက်ဖူးအောင်လိုက်ခဲ့ပါလို့ဖိတ်တော့ကျွန်တော်လည်းလိုက်သွားတယ်။သူ့ရွာကအင်းဖျားလို့ ခေါ်တယ်။သူတာဝန်ကျတာကသပေါက်ကံ။ေ တာင်ဂမုန်လေးတွေကျော်မှရောက်တယ် ။ဆရာ့နာမည်ကထွန်းတင်အေးလို့ခေါ်တ ယ်။ဆရာ့နဲကျွန်တော်ကသူငယ်ချင်းလိုပဲပေါင်းကြတာ။ဖော်ရွေပါတယ်။ဆရာ့ရွာမှာနေတာတရက်ပဲရှိသေးတယ်။သူ့ တာဝန်ကျတဲ့ရွာကသတင်းလာပေးတယ်။ဆ ရာ့....သင်းထောက်လူကြီးကမနေ့ညကဆုံးသွားတယ်။ဆရာပြန်လာမှဖြစ်မယ်လို့သူ့လူငယ်တွေလာပြောသွားတယ်။ကျွန်တော်လည်းလိုက်သွားတယ်။ဖြစ်ပုံကိုပြောပြတောစိတ်လုံးဝမကောင်ြး ဖစ်သွားတယ်။ငှက်ဖျားဖြစ်တာသုံးရ က်လောက်ပဲရှိသေးတယ်တဲ့လက်ထဲ့ပို က်ဆံမရှိတော့ဆေးသမားမခေါ်နိုင်ဘူး။အသက်ကအခုမှလေးဆယ်တနှစ်ပဲရှိသေးတာ။လက်လုပ်လက်စား။ကလေးနှစ်ယောက်ရဲ့ဖခင်ပါ။သူ့သားလေးကအဖေဆုံးသွားတာကိုမသိရှာဘူး။ချောင်းလေးထဲ့ ရေကူးနေတယ်။သူ့အမေပြောတာတော့သား လေးလည်းနေမကောင်းဘူးတဲ့။ကိုယ်တွေပူနေတယ်။ဒါပေမဲ့ရေကူးနေတာပဲ။တောင်ခြေဆိုတော့အရမ်းအေးတယ်။အသုဘေ စာင့်တာလေးယောက်လောက်ပဲရှိတယ်။အိမ်ကလည်းအရမ်းသေးတော့လူအများကြီးတက်လို့မရဘူး။ဆိုးတာကအသုဘလာစော င့်တဲ့လူတွေကိုကျွေးမွေးဖို့ငွေ လုံးဝမရှိဘူးတဲ့ဆရာနဲကျွန်တော်ေ ပါင်းပြီးခွေးတကောင်ဝယ်လိုက်တယ် အဲဒါနဲပြီးသွားရော။အရမ်းကူညီပေး ချင်တယ်ကျွန်တော်မှာလည်းပိုက်ဆံ ကတထောင့်ငါးရာပဲကျန်တော့တယ်။အဲဒါပဲပေးနိုင်တယ်။ဝမ်းနည်းဖို့ကော င်းတာကသူ့ခင်ပွန်းအလောင်းပေါ်ပတ် ထားတဲ့ရိုးရာလက်ယက်စောင်လေးတထည့် ပေါ့ မိုးလင်းတော့အသုဘကိုခရစ်ယာန်တို့ ထုံးစံအတိုင်းမြေမြုပ်တယ်။သူ့ဇ နီးဖြစ်သူကသူ့ခင်ပွန်းပေါ်ခြုံပေးထားတဲ့စောင်ကိုသူတို့သားမိတွေေ စာင်မလောက်တဲ့အတွက်ယူလိုက်တာတွေ့ ရတော့ကျွန်တော်ငိုချင်လာတယ်။ငါ့ တို့လူမျိုးတွေတော်တော်ဆင်းရြဲ ကပါလားလို့တွေးမိတယ်။ဝမ်းနည်းမိ တယ်။
သူ့ဇနီးကပြောပြတယ်သူ့ယောက်ျားမှာမောင်နှာတွေရှိတယ်။သူ့ယောက်ျား ကခရစ်ယာန်ဖြစ်လို့သူ့တို့မကူညီဘူး။လာလည်းမကြည့်ဘူးတဲ့။တကယ်တော့ လူလော့မှာကိုယ့်ဘာသာတခုတည်းနေနေ ကြတာမဟုတ်ဘူးဆိုတာအရင်လက်ခံရမယ် ။ဘာသာတရားတိုင်းကအစွန်းရောက်ဆိုးညစ်တဲ့တရားတွေဟောပြောသွန်သင်နေ တာမတွေ့ရပါဘူး။လူအချင်းချင်းချစ်ဖို့ပဲသင်ပေးတာပါ။အတွေးအခေါ်မရင့်သန်တဲ့နေရာဒေသမျိုးမှာဖြစ်လေ့ ရှိတဲ့အရာပါ။နောက်ပြီးတော့အစွန့် ရောက်သမားတွေကိုင်ဆွဲထားတဲ့လက် နက်တစုံပေါ။မိမိကိုယ်ကိုဆန့်စစ် ပါကိုယ်သာသူတို့နေရာမှာဆိုရင်ဘယ်လိုနေမလဲ။ကူညီမလား။လက်ပိုက်ကြည့်နေမလား။သေမှအသုဘစောင့်ဖို့အများကြီးလာကြတယ်။သေတော့မှသနားကြတယ်။အဲ့ဒါကျွန်တော်အမုန်းဆုံးပဲ။လူအချင်းချင်းဥပေက္မ္ခာမပြုကြဖို့တိုက်တွန်းလိုက်ရပါတယ်။where is love in Humanity?
Subscribe to:
Comments (Atom)