Blog Archive

Tuesday, April 30, 2013

ငါနှင့်ငါ

ငါစားတယ် ငါခံစားရတယ် ကောင်းခြင်းဆိုးခြင်း ငါလုပ်လိုက်တဲ့ပြုမူလိုက်တဲ့အရာ ငါဆီအမှတ်မထင်ပြန်လာတယ် ငါပဲကောင်းတယ်လို့ခံယူခဲ့ဖူးတယ် ဆိုးတယ်လို့ငါ့ကိုယ်ငါမမြင်စဖူးထူးကဲတယ်...သတိမူလိုက်တဲ့တနေ့ငါကဘမှမဖြစ်လာသေးမှန်းသိလာခဲ့ရတယ်
ငိုကြွေးအော်ဟစ်ချင်တာအားတင်းကာမျိုသိပ်လို့ရှေ့ခရီးလှပစေဖို့ပြင်ဆင်ရင်းအတိတ်ကဘ၀အချိန်ကိုတစ်ခုချင်း
စီရေတွက်ရင်း ၀မ်းနည်းဝမ်းသာမဆုံးဖြစ်ခဲ့တယ်...။ငါ သိခဲ့ရင် ...ငါ အမှားနည်းခဲ့ရင်...ငါ အချိန်ကိုတန်ဖိုးရှိရှိ အသုံးပြုခဲ့ရင်...ငါ မပျင်းခဲ့ရင်...ငါကျောင်းကောင်းကောင်းတက်နိုင်ခဲ့ရင်...ငါမိဘချမ်းသာခဲ့ရင်...ငါဒီမိုကရေစီနိုင်ငံစစ်စစ်မှာမွေးခဲ့မယ်
ဆိုရင်..ငါ ...ငါ...ငါ ကျောက်သင်ပုန်းအစားအီလစ်ထရော့နစ်Tabletနဲ့ကြီးပြင်းလာခဲ့ရင် စတဲ့အတွေးတွေပေါက်တက်ကရဖြစ်လာခဲ့တကယ့်တကယ်တောငါကငါပါပဲနောက်ဆုံးတော့အတွေးကလေးတစက
ငါကိုနိုးထစေနိုင်ခဲ့တယ်မင်းအသက်ရှင်နေသရွေးအချိန်နဲအခွင့်အလမ်းတောရှိနေတယ်ပေါလေ.....................။
ဒေးဗစ်သန်း



No comments:

Post a Comment